ဘာသာရေးအမြင်

ဘာသာတရား တစ်ခုအပေါ်မှာ ပြောရသည်မှာ အလွန်ပင် အန္တရာယ်ကြီးပါသည်..ကျွန်ုပ်၏ မဖြစ်စလောက်ဥာဏ်လေးနဲ့လဲ မသုံးသပ်ရဲပါ..ကျွန်ုပ်ထက် ဥာဏ်ပညာသာလွန်သော၊သိသော၊တတ်သောသူများကို ယှဉ်လိုခြင်းမဟုတ်ဘူးဆိတာ ရိုးသားစွာ ဝန်ခံပါရစေ..ကျွန်ုပ် သိသလောက် တတ်သလောက်ကို ညီအစ်ကို၊မောင်နှမများကို ဝေငှလိုခြင်းသာ အဓိက ဖြစ်ပါသည်..ကဲ စကြရအောင်..ဘာသာတရားတွေ ဘာကြောင့်ပေါ်ပေါက်လာသနည်း.."ကိုးကွယ်မှုအစ ကြောက်ရွံ့ခြင်းကလို့"ပြောကြပါသည်..
ကြောက်ရွံ့ခြင်းက လူသားတို့၏ စိတ်ထဲတွင် မွေးကထဲကပါလာပါသည်..အဲဒီ ကြောက်ရွံ့ခြင်းကြောင့်
အားကိုးရာ၊မှီခိုအားထားရာကို ရှာလာကြပါသည်..ကမ္ဘာဦးကာလက လူသားတို့သည်
အလင်းရောင်ရှိသော နေ့ဘက်တွင် ကြောက်ရွံ့မှူနည်း၍၊အလင်းရောင်မရှိသော ညဘက်တွင်
ပိုပြီးကြောက်ရွံ့မှူ ပိုများလာတယ်လို့ထင်ပါတယ်..ဒါကြောင့် နေကို ကိုးကွယ်(အားကိုးအားထားပြု)ခြင်း၊
လပြည့်ညတွေဆိုရင် လသည်အလင်းေ၇ာင်ရ၍၊ လကိုးကွယ်ခြင်းတို့ ဖြစ်ပေါ်လာဟန်တူပါသည်..
နောက်ပိုင်း မီးကိုတွေ့ရှိလာသောအခါ မီးကို ကိုးကွယ်လာကြပြန်သည်(ဤကိုးကွယ်မှုသည်
ယနေ့ထိ ရှိနေပါသေးသည်။)ယနေ့ ကမ္ဘာပေါ်တွင် အဓိကအားဖြင့် ဘာသာကြီး(၄)မျိုးရှိပါသည်..
ကျွန်ုပ်တို့ ကိုးကွယ်သော ဗုဒ္ဓဘာသာကလွဲ၍ ကျန်ဘာသာများသည် ဖန်ဆင်းရှင်ကို အခြေခံသော
ဘာသာတရားများ ဖြစ်သည်..ကျွန်ုပ်တို့ မြတ်စွာဘုရားသည် ကောင်းကင်မှ လာသော တမန်တော်လဲ
မဟုတ်ပါ..လူသားစစ်စစ်ပင် ဖြစ်ပါသည်..လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကျော်ကျော်လောက်က
အိန္ဒိယတွင် မွေးဖွားခဲ့သည်မှာ သမိုင်းအထောက်အထားများအရ မည်သူမျှ မငြင်းနိုင်ပါ..
အခြားဘာသာများနှင့် လုံးဝကွဲပြားသည့် အချက်ကတော့ အတွေးအခေါ်ပိုင်းဆိုင်ရာတွင်
လွတ်လပ်စွာ တွေးခေါ်နိုင်ခြင်း(Freedom Of Thought)ပင်ဖြစ်သည်(ကာလမသုတ္တန်တွင်
တွေ့နိုင်ပါသည်။)..ဒါ့အပြင် ကျွန်ုပ်တို့ မြတ်စွာဘုရားက "ဧဟိပတ္တိကော"-လာလှည့်၊စမ်းကြည့်လှည့်၊
ကြိုက်ရင်ကိုးကွယ်၊မကြိုက်ရင်မကိုးကွယ်နဲ့ဟု မည်သည့်ဘုရားသခင်ကမှ ပြောလိမ့်မည်
မထင်ပါ..မြန်မာနိုင်ငံတွင် မိရိုးဖလာ ဗုဒ္ဓဘာသာ အများအပြားရှိပါသည်..
မိမိတို့ဟာ မိမိတို့ ကိုးကွယ်သည့်ဘာသာအပေါ် သေချာစွာ လေ့လာစူးစမ်းသင့်ပါသည်..
သိလဲသိထားသင့်ပါသည်..ယနေ့ခေတ်တွင် မိရိုးဖလာ ကိုးကွယ်မှုများရှိမနေသင့်တော့ပါ..
ကျွန်ုပ်တို့တွင် အရိုးစွဲနေသော အတွေးအခေါ်များ၊ ဂိုဏ်းဂန်ဏစွဲများကို ပယ်ဖျောက်ဖို့
အချိန်သင့်ပြီင်္လို့ ထင်ပါတယ်..

အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ.........
မင်းမဟာ်

0 comments:

Post a Comment